Skip to content
Min Than Htut
Home » My Insights » ဘာလို့ သင့်လုပ်ငန်းမှာ Review ကောင်းကောင်း ရှိသင့်လဲ။ [ Social Proof ]

ဘာလို့ သင့်လုပ်ငန်းမှာ Review ကောင်းကောင်း ရှိသင့်လဲ။ [ Social Proof ]

Social Proof

IC Show သွားကြည့်တုန်းက သိတဲ့အတိုင်း တီးဝိုင်းက ဆရာတွေ တစ်ကိုယ်တော်တီးခတ်ပြတဲ့ အချိန်တစ်ယောက်လောက်က လက်ခုပ်စတီးလိုက်ရင် ကျန်တဲ့လူတွေပါ လိုက်တီးကြတယ်။ 

Social Media Video တချို့မှာ ဟာသပုံစံမျိုးရိုက်မယ်ဆိုရင်နောက်မှာ တစ်ယောက်ယောက်ရယ်သံထည့်ထားပေးတဲ့အခါ ကျွန်တော်တို့ လိုက်ရယ်မိတယ်။ တကယ်သူပြောနေတာ၊ လုပ်နေတာက ရယ်ရတာမျိုးဖြစ်ချင်မှလဲ ဖြစ်မယ်။  

နောက်တစ်ခုကတော့ Mirror Neuron ကြောင့်ပါ။ ဦးနှောက်ထဲမှာ ရှိနေတဲ့ Neuron တစ်မျိုးက ကိုယ်မြင်နေ၊ တွေ့နေရတဲ့ အရာတွေကို ပြန်တုံ့ပြန်တဲ့ သဘောကြောင့်လို့ပါ။ ဥပမာတစ်ခု ပေးရရင် သူများ အချဥ် (သရက်သီး လိုမျိုး) စားပြရင် သွားရည်ကျတာမျိုး၊ Food Bloggers တွေ စားပြတာကြည့်ပြီး ကိုယ်ပါ ဗိုက်ဆာသလို ဖြစ်တာမျိုးတွေဟာ Mirror Neurons ကြောင့်ဖြစ်တာပါ။

ဥရောပတချို့နိုင်ငံတွေမှာ အများပြည်သူသုံး အိမ်သာတွေတက်ပြီးရင် သန့်ရှင်းရေးသမားအတွက် မုန့်ဖိုး အကြွေစေ့လေးတွေ ပေးလေ့ရှိတယ်။ ကိုယ့်ရှေ့ကလူက ထည့်ပေးလိုက်တာမျိုးတွေ့တယ်ဆိုပါတော့ ခင်ဗျား ဘာလုပ်မလဲ။ ပေးခဲ့မိဖို့ များတယ်။ (ကျွန်တော်လဲ ပေးခဲ့တယ်။) 

ပတ်ဝန်းကျင်ရဲ့ လက်ခံမှုကို ကျွန်တော်တို့ လူတိုင်း လိုချင်ကြတယ်။ အဲလိုဖြစ်လာဖို့အတွက် ကိုယ့်ပတ်ဝန်းကျင်က လူတွေလုပ်တဲ့အတိုင်း လိုက်လုပ်မိတယ်။ 

လူတော်တော်များများ လုပ်နေပြီဆိုရင် ကောင်းတယ်လို့ ယူဆလေ့ရှိတယ်။ 

စိတ္တဗေဒ ပညာရှင် Solomon Asch စမ်းသပ်တဲ့ စမ်းသပ်ချက်မှာ မျဥ်းကြောင်းတစ်ခု ဆွဲထားတယ်။ တစ်ဖက်မှာ လိုင်း သုံးလိုင်းဆွဲပေးထားတယ်။ ၁၊ ၂၊ ၃ ဆိုပါတော့။  ပိုတိုတာ တစ်ကြောင်း၊ပိုရှည်တာ တစ်ကြောင်း တူတာ တစ်ကြောင်း။ 

Social Proof

စမ်းသပ်မှုမှာ ပါဝင်မယ့်လူတစ်ယောက်ကို မေးတယ်။

ဆွဲထားတဲ့ မျဥ်းကြောင်းနဲ့ တူတဲ့ တစ်ခုကိုရွေးပါ။တကယ်လို့ တစ်ယောက်တည်းဆိုရင် သူကမှန်တဲ့ နံပါတ်ကို ရွေးနိုင်တယ်။

နောက်

ဇာတ်တိုက်တားတဲ့ လူငါးယောက်လောက်ပါအခန်းထဲ ခေါ်ထည့်လိုက်ပြီးတော့တစ်ယောက်ပြီး တစ်ယောက်ကိုမေးတယ်။အကုန်လုံး မှားတဲ့ နံပါတ်ကို ပြောကြတယ်။

နောက်ဆုံးမှာ စမ်းသပ်မှုမှာ ပါဝင်တဲ့ လူကို ပြန်မေးရင်သုံးပုံနှစ်ပုံက တခြားလူတွေနဲ့ တူဖို့အတွက်အမှားနံပါတ်ကို ဖြေတာ တွေ့ရတယ်။

အများနောက်လိုက်တာ ကောင်းတာနဲ့ ပတ်သက်ရင်ဆိုပါတော့ ကျွန်တော်တို့ ကိုယ်မရောက်ဖူးတဲ့နေရာတစ်ခု သွားရတယ်။အစားအသောက်တန်းကို ရှာပြီး ရောက်သွားတယ်။

ဘယ်လိုဆိုင်ကို ရွေးလေ့ရှိလဲ။

ဖြစ်ဖို့များတာကတော့လူများများ ထိုင်နေတဲ့ ဆိုင်ဘဲ။စဥ်းစားနေဖို့ အချိန်မကုန်တော့ဘူးပေါ့။

မာကက်တင်းသမားတွေအနေနဲ့အများနောက်လိုက်တဲ့ ဗီဇ ကိုတော်တော်များများ သုံးရတယ်။

ဘာလို့ Review ပိုကောင်းတဲ့ Brand ကိုပိုဝယ်ချင်တာလဲ။ လူအများကြီးသုံးနေရင် ကောင်းနေတယ်လို့ ထင်ကြတာများလို့ပေါ့။

လုပ်ငန်းအနေနဲ့ ဒီဗီဇကို မာကက်တင်းအတွက် သုံးနိုင်တယ်။ “Popular items” ဆိုတာမျိုး။ “5000+ people bought” ဆိုတာမျိုး ရေးထားခြင်းအားဖြင့် လူတော်တော်များများလဲ​သုံးနေတာ ကောင်းမှာပေါ့လို့ တွေးပြီး ဝယ်တတ်ကြတယ်။ 

တချို့သီချင်းတွေဟာ ကောင်းလို့ Top Chart ကို ရောက်သွားတာလား။ Top Chart ကို ရောက်လို့ ကောင်းသွားတာလားဆိုရင်တော့ Top Chart ကိုရောက်သွားလို့ နားထောင်းကြည့်ကြရင်း ပို ပေါက်လာတာမျိုးဖြစ်နိုင်ချေပိုများတယ်။

ပုံမှန်လူတစ်ယောက်အနေနဲ့ဆိုရင်တော့ အများနောက်လိုက်တဲ့ဗီဇ ကိုထိန်းဖို့ဆိုရင်

လူသန်းငါးဆယ်ကကိုကျွဲလို့ ဖတ်နေလဲ

ကဘဲ။ လို့ တနေ့တခေါက်လောက် ရွတ်ပေါ့။ 😉

Sharing is Sexy