လူတိုင်းက ကိုယ့်ရဲ့ ဝယ်သူမဖြစ်နိုင်ဘူး။ ဒါလူတိုင်း သိကြပါတယ်။ မားကက်တင်းအတွက် သုံးချင်သလောက်သုံးကွာဆိုတာမျိုး မရှိပါဘူး။ ဘတ်ဂျတ်ဟာ အကန့်အသတ်ရှိတယ်။ မားကက်တင်း ဘတ်ဂျတ်ကို ဘယ်နေရာမှာသုံးရမလဲ။ ဘယ်သူတွေကို အဓိက ထားပြီး ပစ်မှတ်ရွေးမလဲဆိုတာ ခေါင်းစားစရာ ကိစ္စတစ်ခုဖြစ်ပါတယ်။
Marketing Triage ဆိုတာက ဈေးကွက်ကို သုံးပိုင်းခွဲလိုက်တဲ့သဘောပါ။
- Rejectors – ဘယ်လိုပြောပြော ဝယ်မယ့်လူတွေမဟုတ်ဘူး။ မကောင်းတဲ့ ရှုထောင့်ကနေ ပြောမယ့်လူတွေ။
- The Possible – Communication ကောင်းကောင်းလုပ်နိုင်မှ ဝယ်မယ့်လူတွေ
- The Customer – Communication သိပ်မလုပ်လဲ ဝယ်နေမယ့်လူတွေ
မားကက်တင်းမှာ နည်းလမ်း ၁ က အဆင်ပြေသလို နည်းလမ်း ၂ ကလဲ အလုပ်ဖြစ်နိုင်တယ်။
နောက်တစ်ခုက မားကက်တင်းကို ချဥ်းကပ်တဲ့အခါမှာ ဒီနည်းလမ်းသာသုံး အောင်ကိုအောင်မြင်တယ်ဆိုတာ မမှန်ဘူး။ ဘာကြောင့်လဲဆိုရင် လုပ်ငန်းတွေဟာ အခြေအနေ၊ ဝင်ထားတဲ့ ဈေးကွက်၊ ပြိုင်ဘက်အခြေအနေ၊ ရောင်းတဲ့ပစ္စည်း၊ ရေခံမြေခံမတူကြလို့ပါ။
ကျွန်တော် Consulting လုပ်ပေးနေတဲ့ လုပ်ငန်းတွေဆိုရင်လဲ အမြဲသတိထားတာက ဒီဘက်မှာ အောင်မြင်ခဲ့တာတွေကို ဟိုဘက်ကို တိုက်ရိုက်သွားသုံးမိတာမျိုးမလုပ်ဘူး။ (ဆိုလိုတာကတော့ ဒီဘက်မှာ App က အဆင်ပြေလို့ နောက်လုပ်ငန်းကိုလဲ Apps ထုတ်လိုက်ပါ ဆိုတာမျိုး မရဘူး။) လုပ်ငန်းတစ်ခုချင်းစီရဲ့ အနေအထား၊ ပိုင်ရှင်ရဲ့ စိတ်အားထက်သန်မှု၊ ရှိနေတဲ့ အရင်းအမြစ် စတာတွေပေါ်မှာ အခြေခံပြီးသာ အကြံပေးတာမျိုး လုပ်ပါတယ်။
မားကက်တင်း မှာ ဘယ်အစုအဖွဲ့ကို ဦးစားပေးပြီးတော့ ကြော်ငြာမလဲ ဆိုပြီး ဆွေးနွေးကြည့်ပါတယ်။
- Rejectors – ဘယ်လိုပြောပြော ဝယ်မယ့်လူတွေမဟုတ်ဘူး။ မကောင်းတဲ့ ရှုထောင့်ကနေ ပြောမယ့်လူတွေ။
- The Possible – Communication ကောင်းကောင်းလုပ်နိုင်မှ ဝယ်မယ့်လူတွေ
- The Customer – Communication သိပ်မလုပ်လဲ ဝယ်နေမယ့်လူတွေ
တချို့က Rejectors တွေ ကို ဦးစားပေးမယ်။ တချို့ က The Customer ကို ဦးစားပေးမယ် ပြီးရင် The Possibles ကို ဒုတိယ ဦးစားပေးမယ်။ တချို့က Rejectors တွေကို မေ့ထားပြီး The Possible တွေကို ဦးစားပေးမယ်ဆိုတာမျိုး စဥ်းစားကြပါတယ်။ သတင်းကောင်းကတော့ အားလုံးမှန်တယ်။
ကျွန်တော့်အနေနဲ့ Rejectors တွေကို လျစ်လျူရှုထားတာမျိုးလုပ်ပါတယ်။ ဘာလို့လဲ ဆိုရင် လူတွေမှာ Confirmation Bias တွေရှိတယ်။ ဒီ Brand ဟာ မကောင်းလောက်ဘူးလို့ စိတ်ထဲမှာ မြင်နေရင် ဘယ်လောက်ပြောပြော၊ ဘယ်လောက် ကောင်းတာတွေဘဲ လုပ်လုပ် Negative ရှုထောင့်၊ အားနည်းချက် တွေဘဲ လိုက်ကြည့်နေမှာ။
ဒါပေမယ့် Rejectors တွေဟာ လူအုပ်စုများနေတဲ့အနေအထား၊ ပြောရေးဆိုခွင့်ရှိနေတဲ့ လူတွေကပါ ကိုယ့် Brand နဲ့ ပတ်သက်ပြီး Negative တွေ ပြောနေပြီဆိုရင်တော့ ဒီအစုအဖွဲ့ကိုပါ Communications ကောင်းကောင်းလုပ်ဖို့ လိုလာပါတယ်။
Rejectors တွေ လျစ်လျူရှုထားဆိုရင် ဘယ်အဖွဲ့ကို ဦးစားပေးမလဲ။ The Possible အဖွဲ့ကို ဦးစားပေးသင့်တယ်။ ဘာလို့လဲ ဆိုရင် ဝယ်သူဖြစ်နိုင်ချေရှိတယ်။ Communication လုပ်မှ ဝယ်မယ့်လူတွေဖြစ်နေတယ်။
ဒါဆို The Customers တွေ မေ့ထားရမှာလား။ အဲလိုတော့ မဟုတ်ဘူး။
ဆိုပါတော့ လူတစ်ယောက်ဟာ နေ့စဥ် Coca Cola တစ်ဗူးသောက်တယ်ဆိုပါတော့… သူ့ကိုသွားထပ်ကြော်ငြာနေလဲ သူ့မှာ ဝယ်ယူနိုင်တဲ့ limited က ကုန်နေပြီ။ တစ်ဗူးဘဲဝယ်တော့မှာ။
ဒါပေမယ့် ကြော်ငြာမြင်ရင်တော့ Reassurance တော့ ဖြစ်တာပေါ့။ ဒီလူအစုအဖွဲ့ကတော့ ကြော်ငြာမယ်ဆိုရင်တော့ မက်ဆေ့ဟာ Re-engage ဖြစ်စေမယ့် သဘောမျိုး လုပ်နိုင်ပါတယ်။ အနည်းဆုံးတော့ ကိုယ်ရှိနေပါတယ်ဆိုတာကို သတိပေးဖို့၊ ပြိုင်ဘက်နောက် လိုက်မသွားဖို့အတွက် ရည်ရွယ်တာမျိုး။
B2B ဈေးကွက်တွေမှာဆိုရင်တော့ ဝယ်သူအဟောင်း(လက်ကား/Key Accoounts) တွေရဲ့ ဝယ်အားဟာ လုပ်ငန်းတစ်ခုလုံးရဲ့ ရာခိုင်နှုန်း တော်တော်များများကို ပေးနေတာမျိုးတွေရှိပါတယ်။ ဒီလို လုပ်ငန်းမျိုးဆိုရင်တော့ ဝယ်သူအသစ်တွေ လိုက်တာလဲ လိုက်၊ အဟောင်းကို ဆက်လက်ထိန်းထားနိုင်ဖို့အတွက် စဥ်းစားတာမျိုး၊ မားကက်တင်း ဘတ်ဂျတ်မှာ ဒီလူတွေကို ထိန်းဖို့ ပိုသုံးတာမျိုးဟာ ပိုကောင်းမှာပေါ့။
မားကက်တင်းဗျူဟာ စဥ်းစားတဲ့အခါမှာ
- လုပ်ငန်းရဲ့ ရည်မှန်းချက်
- ထုတ်ကုန်ရဲ့ သဘောတရား
- ပြိုင်ဘက်ရဲ့အနေအထား
- ဈေးကွက် အပြောင်းအလဲ
- လုပ်ငန်းမှာရှိတဲ့ အရင်းအမြစ်တွေ ပေါ်မှာ အခြေခံပြီးတော့ စဥ်းစားရမှာဖြစ်ပါတယ်။ (Comment မှာ Video တစ်ခု ထည့်ပေးထားပါတယ်။)
မားကက်တင်းမှာ နည်းလမ်း ၁ က အဆင်ပြေသလို နည်းလမ်း ၂၊ ၃၊ ၄ ကလဲ အလုပ်ဖြစ်နိုင်တယ်။ မားကက်တင်းကို ချဥ်းကပ်တဲ့အခါမှာ ဒီနည်းလမ်းသာသုံး အောင်ကိုအောင်မြင်တယ်ဆိုတာ မမှန်ဘူး။
အရောင်းပိုင်း၊ မားကက်တင်းပိုင်းကို စနစ်တကျ လေ့လာချင်တယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် မြန်မာနိုင်ငံ ဈေးကွက်နဲ့ ကိုက်ညီပြီး လက်တွေ့ အသုံးချနိုင်အောင် စီစဥ်ထားတဲ့ သင်တန်းများတက်ရောက်နိုင်ပါတယ်။