Skip to content
Min Than Htut
Home » My Insights » လုပ်ငန်းတူတွေက သင့်ဆီကနေ ကူးချနေတာမျိုး ခံနေရလား။

လုပ်ငန်းတူတွေက သင့်ဆီကနေ ကူးချနေတာမျိုး ခံနေရလား။

လုပ်ငန်းတူတွေက သင့်ဆီကနေ ကူးချနေတာမျိုး ခံနေရလား။

Content တွေအခိုးခံရတယ်… ကြော်ငြာ မက်ဆေ့ကအစ တိုက်ရိုက်ကူးနေကြတယ်..ဆရာ… ကိုယ်တွေက အချိန်ပေးစဥ်းစားပြီးတော့ သေချာ လုပ်ထားတာ သူတို့က အလွယ်လေး ကူးသွားကြတယ် ဆိုတာမျိုး Q & A Session တွေ ကြားရပါတယ်။

အလုပ်လုပ်တဲ့အခါ လုပ်ငန်းတူတဲ့ လူတွေကို စောင့်ကြည့်ရတာ သဘာဝပါဘဲ။ တဖက်ကလူတွေ ဘာတွေလုပ်နေကြလဲ။ ဈေးကွက် အနေအထားဘာတွေ ဖြစ်လာနေလဲ စသည်ဖြင့် စောင့်ကြည့်ရတယ်။ ရေစီးကြောင်းတွေကို သုံးသပ်ရပါတယ်။

ဒီတော့ ကျွန်တော်တို့ ကြုံနိုင်တာဟာ ကိုယ့်ထက်အားကောင်းတဲ့ လုပ်ငန်း၊ အားပါကျနေရတဲ့ လုပ်ငန်း နဲ့ ကိုယ့်နဲ့ တန်းတူ လုပ်ငန်း၊ ကိုယ့်လောက်ကို ဖန်တီးမှု အားမရှိတဲ့ လုပ်ငန်းမျိုးတွေ တွေ့ရမှာပါ။

လူတွေရဲ့ အမူအကျင့်ကူးယူခြင်း နဲ့ ပတ်သက်ပြီးတော့ လူတွေဟာ ဘယ်လိုလူတွေဆီက ကူးကြလေ့ရှိသလဲ။

၁) ကိုယ်အားကျရတဲ့လူ
၂) ကိုယ့်မိသားစု၊ သူငယ်ချင်း
၃) လူအများစု

ဒီသုံးမျိုးစီကနေ အပြုအမူတွေကို ကူးကြပါတယ်။

အလုပ်လုပ်နေတဲ့ ရှုထောင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မိသားစု၊​သူငယ်ချင်း၊ လူအများစု ကို မေ့ထားလို့ရတယ်။

အဲတော့ ကိုယ်လောက်မှ ဖန်တီးမှု အားမရှိတဲ့လုပ်ငန်းတူတွေဟာ ကူးမယ်ဆိုရင် သူတို့ အားကျရတဲ့လုပ်ငန်းဆီကဘဲ ကူးပါမယ်။

ဒီတော့ ကိုယ်ဆီကနေ ကူးနေပြီဆိုရင် ကိုယ့်ကို အားကျနေရတဲ့ လုပ်ငန်းလို့ သာ သတ်မှတ်နိုင်မှာပါ။ 😎

ဒါက အမူအကျင့်ကူးယူခြင်း သဘောတရားကနေ ပြောတာပေါ့။

နောက်တစ်ခု လူတွေမှာ ရှိတဲ့ သိမြင်မှု ဘက်လိုက်ခြင်း သဘောတရားတွေထဲက တစ်ခု ဖြစ်တဲ့ Availablity Bias ကြည့်မယ်ဆိုရင် သင့်ဆီက ကူးနေတဲ့ လူဟာ သင့်ကို တောက်လျှောက် လိုက်ကြည့်နေတဲ့ သဘောဖြစ်ပါလိမ့်မယ်။ အားကျလို့ ဖြစ်မှာပေါ့။ 🥴

Availability Bias ဆိုတာ ဘာလဲဆိုတော့ လူတွေဟာ မကြာသေးခင်က အဖြစ်အပျက်တွေ၊ သိထား၊ ဖတ်ထား၊ လေ့လာထား၊ မြင်နေရတဲ့ အရာတွေကို စွဲပြီး ဆုံးဖြတ်ချက်တွေ ချမိတာမျိုး၊ အပြုအမူ ကူးမိတာမျိုးတွေပါ။

ဒါကြောင့် ကိုယ့်ဆီက ကူးတဲ့ လူတွေဟာ ဒီလို Availability Bias ဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုကတော့ သူ့ကိုယ်သူ လေးစားမှု မရှိတာ ဖြစ်နိုင်ပါတယ်။

ကိုယ်က ဘယ်လိုလူမျိုး၊ လုပ်ငန်းမှာ ဘယ်လိုလူမျိုးအနေနဲ့နေမလဲ။ ငါ့ အလုပ်ပေါ်မှာထားတဲ့စည်းကမ်းဘာလဲ။ ငါ့ ရပ်တည်ချက်က ဘာလဲ ဆိုတာမျိုး တွေ မရှင်းလင်းနေတဲ့လူမျိုး၊ လုပ်ငန်းမျိုး ဖြစ်နိုင်ပါတယ်။

ဒါကြောင့် တိုက်ရိုက်ကို ကူးချကြတာမျိုးတွေ လုပ်ကြတာပါ။

ကျွန်တော်တို့ ကိုယ်တိုင် ကိုယ့်တန်ဖိုးထားမှုကို နားလည်ထားရမယ်။ ဖြစ်တတ်တဲ့ Bias တွေကို သိပြီး ဆင်ခြင်သင့်ပါတယ်။


ကိုယ်တိုင် ဂုဏ်ယူရပြီး အများအတွက်အကျိုးရှိတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်နိုင်ကြပါစေ။
 

Sharing is Sexy